
အာဆင်နယ်အသင်းဟာ စပီဇီယာအသင်းရဲ့ လူငယ်နောက်ခံလူ ဂျကုကီဝီယောကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့ပါတယ်။
အသက် ၂၂ သာရှိသေးတဲ့ နောက်ခံလူ ကီဝီယောဟာ အီတလီကလပ် စပီဇီယာအသင်းအတွက် ၄၃ ပွဲကစားပေးထားပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လကမှ အသင်းကို ရောက်ရှိလာတာဖြစ်ပါတယ်။
အခုအခါမှာတော့ ဒီကစားသမားလေးဟာ အာဆင်နယ်အသင်းကို ယူရို (၂၄) သန်းနဲ့ ရောက်ရှိသွားခဲ့ပါပြီ။
ကီဝီယောဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၁၅ ကို ဝတ်ဆင် ကစားသွားမှာဖြစ်ပါတယ်။
Ref: Arsenal
Leave a Reply