ယူနိုက်တက်နောက်ခံလူတွေကို အိပ်ကပ်ထဲထည့်ထားခဲ့တဲ့ အာဆင်နယ်စတားကိုချီးကျူးသွားတဲ့ ဖာဘရီဂတ်စ်

အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်းဖာဘရီဂတ်ဟာ ယူနိုက်တက်နောက်ခံလူတွေကို အရူးဖြစ်အောင်လုပ်ခဲ့တဲ့ ဘူယာကိုဆာကာ ကို အထူးချီးကျူးသွားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ Sunday က အမ်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ (3-2) နဲ့နိုင်ပွဲမှာ ဘယ်တောင်ပံမှာအထူးခြေစွမ်းပြကစားခဲ့ပါတယ်။

ယူနိုက်တက်ကိုအနိုင်ယူကာ ချန်ပီယံဆုအတွက်အကောင်းဆုံးတက်လှမ်းနေပြီး အဆိုပါကစားပွဲမှာ ခြေစွမ်းအကောင်းဆုံးကစားသမားတွေထဲမှာတစ်ဦးဖြစ်ခဲ့ပါတယ်။ အင်္ဂလန်တိုက်စစ်မှုးဟာ သရဲနီနောက်ခံလူတွေကို ပြသနာတက်စေခဲ့ပြီး သွင်းဂိုတစ်ဂိုး သွင်းယူခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူဟောင်းဖာဘရီဂတ်မှ ” ဒီကောင်လေးဟာအရမ်းကောင်းလွန်းပြီး တောင်ပံတိုက်စစ်မှာ သားရဲတစ်ကောင်လိုပဲ။ ဒီရာသီမှာ ဆာကာဟာ အကောင်းဆုံးပုံစံပြသနေခဲ့ပြီး အကောင်းဆုံးရာသီတစ်ခုဖြစ်လာမှာပါ။ ကျွန်တော်သူ့အတွက် အရမ်းဂုဏ်ယူတယ်ဗျာ ” လို့ ဖာဘရီဂတ်ကပြောကြားခဲ့ပါတယ်။

နိုင်ပွဲနဲ့ပက်သက်ပြီး ” ဒါဟာ အာဆင်နယ်အတွက် မယုံနိုင်လောက်စရာနိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ သလိုက်ဖွဲ့စည်းမှု၊ စည့်းလုံးမှုကိုပြသခဲ့ပြီး ခက်ခဲ့တဲ့အချိန်တွေကိုအကောင်းဆုံးတုန့်ပြန်ခဲ့ကြတယ်။ လို့ ဖာဘရီဂတ်မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ကိုနိုင်ပွဲအပြီး အာဆင်နယ်အသင်းဟာ ဇယားထိပ်ဆုံးမှာရပ်တည်နေခဲ့ပြီး မန်စီးတီးအသင်းကို တစ်ပွဲလျော့အနေထားနဲ့ ၅မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ် ။
နောက်ထပ်ပွဲစဥ်မှာတော့အာဆင်နယ်အသင်းဟာ FA CUP ပွဲစဥ်အဖြစ် မန်စီးတီးကွင်းမှာသွားရောက်ကစားရမှာဖြစခပါတယ်။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*