ဒဏ်ရာပြသနာကြောင့် အာဆင်နယ်နဲ့ FA ပွဲစဥ်ကို လွဲချော်မယ့် မန်စီးတီး တိုက်စစ်မှုး

မန်စီးတီးတောင်ပံကစားသမားဖိုဒန်ဟာ လတ်တလောခံစားနေရတဲ့ ခြေဖဝါးဒဏ်ရာကြောင့် အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလလယ်ကတည်းက ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာသာ ပွဲထွက်ကစားထားနိုင်တဲ့ ဖိုဒန်က ဇန်နဝါရီ ၁၄ ရက်၊ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အခုဒဏ်ရာကို ရရှိခဲ့တာပါ။ ဝုဗ်နဲ့ရင်ဆိုင်ဖို့ပြင်ဆင်ခဲ့တဲ့ အသင်းလေ့ကျင့်ရေးအစီအစဉ်မှာ ဖိုဒန်ရဲ့ဒဏ်ရာပြန်လည်ပေါ်ပေါက်လာမှုနဲ့အတူ သူ့ရဲ့ဒဏ်ရာဟာ အကင်းမသေသေးဘူးလို့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ထုတ်ပြောလာပါတယ်။

စပိန်သားနည်းပြက “ဒီဒဏ်ရာက အိုးထရက်ဖို့ဒ်ကွင်းမှာ ဝမ်ဘစ်ဆာကာနဲ့ ဘောလုံးကို ခေါင်းယှဉ်တိုက်ချိန်မှာ သူလဲကျခဲ့ပြီးနောက် ပေါ်ပေါက်လာတာပါ”လို့ ရှင်းပြပါတယ်။

မန်စီးတီးအသင်းဟာ လတ်တလောမှာ အင်္ဂလန်ကြယ်ပွင့်ကို ဆုံးရှုံးထားရပေမယ့် ရှေ့ခရီးကို ဆက်လျှောက်နိုင်ခဲ့ပါတယ်။ အထလေးမှုတွေရှိပေမယ့် မန်စီးတီးက တော့တင်ဟမ်ကို ကျော်ဖြတ်နိုင်ခဲ့သလို ဝုဗ်နဲ့ပွဲစဉ်မှာလည်း ဟာလန်းရဲ့ခြေစွမ်းပြမှုနဲ့အတူ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်ခဲ့ပါတယ်။

“ဒါကြောင့်ပဲ သူ့ကို အာဆင်နယ်နဲ့ပွဲစဉ်မှာ ကြံ့ခိုင်မှုပြည့်ဝစေရေးအတွက် ဝုဗ်နဲ့ပွဲစဉ်လူစာရင်းမှာ ချန်လှပ်ထားဖို့ အသင်းဆရာဝန်တွေနဲ့အတူ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လို့ အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း အဆင်သင့်မဖြစ်သေးဘူးဆိုရင် ဖေဖော်ဝါရီလဆန်းပိုင်း တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် စောင့်ဆိုင်းပေးရပါလိမ့်မယ်။ ဖိုဒန်အနေနဲ့ ကောင်းကောင်းမလေ့ကျင့်နိုင်သေးသလို နည်းနည်းလေးအဆင်မပြေဖြစ်နေပါတယ်။

ဒါကြောင့်ပဲ သူ့ကို ရက်အနည်းငယ်အနားပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပက်ဂွါဒီယိုလာက ဆက်ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ မန်ချက်စတာယူနိုက်တက်ကို ချေမှုန်းပြီးနောက် ပုံစံကောင်းတွေပြသနေတဲ့ အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲစဉ်ကို မန်စီးတီးတို့ ယှဉ်ပြိုင်ကစားရပါမယ်။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*